Leave your comment here!

Friday, January 2, 2015

ထိုင်းနိုင်ငံရောက် မွန်လူမျိုးတို့၏ ဝင်က ရွာဟောင်းအကြောင်း တစ်စိတ်တစ်ပိုင်း

 
အနီစက်နေရာသည် ရေအောက်ရှိ "ဝင်က" ကျေးရွာဟောင်း၏ ဘာသာရေးအဆောက်အုံများ တည်ရှိရာနေရာ
ယခုလက်ရှိ ထိုင်းနိုင်ငံတော်၏ အချုပ်အာဏာပိုင်နက်အတွင်းရှိ ကန်ချနဘူရီမြို့နယ်အတွင်း တည်ရှိသော ရေအောက်ရောက် ဝင်က ရွာဟောင်းသည်၊ မွန်ပြည်နယ် ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာမှ ဆရာတော်ဦးဥတ္တမ (၂၀၀၆ ခုနှစ်တွင် ပျံလွန်တော်မူသည်) နှင့် ဒါယိကာများတို့သည် ၁၉၄၉ နောက်ပိုင်း စစ်တပ်၏ စစ်ဘေးစစ်ဒဏ်ကို ရှောင်ရှားရင်း၊ မြန်မာပြည်၏ အချုပ်ခြာအာဏာနှင့် ကွာဝေးသော ၄င်းဝင်က မွန်ရွာဟောင်းကို တည်ထောင်ခဲ့သည်။

Photo: http://www.escati.com/jpg2/mon_village.jpg
 
ထိုစဉ်က ထိုင်းနိုင်ငံ၏ အချုပ်ခြာအာဏာ သြဇာသက်ရောက်နိုင်မှုအားနည်းနေသေးသည့် နေရာတခုဖြစ် သည်နှင့်အညီ တော်လှန်ရေးသမား မွန်လက်နက်ကိုင်များ အခြေချရာ ဝန်းကျင်တခု ဖြစ်ခဲ့သည်။ ၄င်းနေရာဝန်းကျင်သည် ထိုင်း - မြန်မာနယ်စပ် သတ်မှတ်ထားမှု အတိကျမရှိသေးပဲ မွန်လူမျိုးတို့အတွက် လွတ်လပ်သော နေရာတခုဖြစ်ခဲ့သည်။ 
 
Photo : http://khiri.com/wp-content/uploads/2013/03/Sangklaburi-2.jpg

ဝင်းကကျေးရွာဟောင်းတွင် စေတီဟောင်းသုံးဆူလည်း တည်ထားကိုယ်းကွယ်ထားပြီး မွန်လူမျိုးဖြစ်သည့် ဆရာတော်ဦးဥတ္တမ၏ အကျင့်သီလဂုဏ်ရှိန်ကြောင့် ၄င်းကျေးရွာအား ထိုင်းဘုရင်မှလည်း ကြည့်ရှုစောင့် ရှောက်ထားပြီး လိုအပ်သည့် သာသနာရေးဆိုင်ရာ အဆောက်အအုံ တည်ဆောက်မှု များစွာကိုလည်း ထိုင်းဘုရင်ကိုယ်တိုင်မှ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။
Photo: http://www.unseentourthailand.net/wp-content/uploads/2013/03/sangkhlaburi01.jpg

သို့သော် ၁၉၇၉ ခုနှစ်လောက်တွင် ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးလိုအပ်ချက်အရ ဝီဂျီရလောင်းခေါင်း (Vajiralongkorn Dam) - (ယခင်အခေါ် - ခေါင်းလင်း (Khao Laem Dam) ရေကာတာတစ်ခု တည်ဆောက်ခဲ့သည်။ ၁၉၈၄ ခုနှစ်လောက်တွင် ၄င်းရေကာတာရေမျက်နှာပြင်အား ရေများဖြည့်တင်း ပြီး ရေကာတာတံခါး ပိတ်လိုက်ခြင်အားကြောင့် ၄င်းဒေသအနီးတဝိုက်ရှိ မြစ်ချောင်းများစွာမှသည် ရေများ ထွက်ပေါက်မဲ့ဖြစ်သွားပြီး နေရာဒေသဝဝန်းကျင်တခုလုံး ကန်အကြီးတစ်ခုအဖြစ်သို့ ရေများပိုမိုလွှမ်းမိုးလာ ခဲ့သည်။ တောတောင်များသည်လည်း ရေအောက်ရောက်ခဲ့ရသည်။
 
Photo: http://wearelostdotnet.files.wordpress.com/2014/01/2013-12-26-08-15-05.jpg
  မြစ်ကမ်းနဘေးတခု အနီးတွင် တည်ထားခဲ့သည့် ဝင်ကကျေးရွာလည်း ရေအောက်သို့ ရောက်ရှိခဲ့ရသည်။ စေတီသုံးဆူနှင့်တကွ ဘာသာရေးအဆောက်အအုံ၊ အိုးအိမ်များစွာ ရေအောက်သို့ မြုပ်ခဲ့ရသည်။ သို့သော် ထိုင်းနိုင်ငံတော်အစိုးရ၏ တာဝန်သိတတ်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိုးအိမ် စည်းစိမ်၊ ခြံရှိသစ်ပင် မကျန် ပျက်စီးဆုံးရှုံးမှုများကို ကာလတန်းဖို ဈေးသတ်မှတ်ပြီး လျော်ကြေးပေးဆောင်မှုများ ပြုလုပ်ခဲ့သည်။

Photo: http://www.underathaisky.com/images/Mon%20Village%20from%20Sangkhlaburi%202.jpg

၎င်းအပြင် ယခု ဝင်က မွန်ရွာအသစ်ကိုလည်း ပြန်လည်တည်ထောင်ပေးခဲ့ပြီး၊ ယခုအခါတွင် မွန်ရွာ ဝင်က (ထိုင်းဘာသာအခေါ် ဘန်းဝင်က) ဟုလည်း အမည်တွင်လျက်ရှိသည်။ ရေအောက်ရောက် ၄င်းကျေး ရွာဟောင်းမှ ပျက်စီးဆုံးရှုံးမှုများကြောင့် ဈေးနှစ်ဆ၊ သုံးဆခန့်လျော်ကြေးများ ရရှိခဲ့သည့် ကျေးရွာသား များသည် ဝင်းက ရွာသစ်တွင် အလုပ်အကိုင် အစင်ပြေစေရေးကို အထောက်ကူဖြစ်စေခဲ့သည်။


ဝင်ကရွာသစ်နှင့် ရွာဟောင်း သီးခြားကွဲပြားစွာ တည်ရှိနေပုံ။
 

၎င်းဒေသအနှံ့ပြား ရေများဖုံးလွှမ်းနေမှုကြောင့် ခရီးလမ်းသွားလာမှုအစင်ပြေစေရေးအတွက် ဆရာတော် ဦးဥတ္တမကိုယ်တိုင် ဦးစီးပြီး ထိုင်းနိုင်ငံအတွင်းရှိ အရှည်ဆုံး သစ်သားတံတား (897 Meters) တခုကို တည်ဆောက်ခဲ့သည်။ ဆရာတော်ဘုရား ဦးဥတ္တမ ကိုယ်တိုင် တည်ဆောက်ထားခြင်းကြောင့် ၄င်းသစ်သားတံတားအား ဆရာတော် ဦးဥတ္တမတံတား ဟုလည်းခေါ်သည်။ (မွန်လူမျိုးတွေက ဒဒွမ်းနော်ကျိုက် - ဟုလည်းခေါ်ကြသလို၊ ထိုင်းတွေက စဗာန်မွန် ဟုလည်းခေါ်သည်။)

Photo : https://c2.staticflickr.com/4/3182/2498429209_3d4322d3bb_z.jpg?zz=1

 ယခုအခါအတွင် အဆိုပါ သစ်သားတံတားကြောင့် ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းအတွက် ဝင်ငွေများစွာ ရှာဖွေပေးနိုင်သည့် သွားရောက်လည်ပတ်စရာ နေရာတခုအဖြစ် ကျော်ကြားလျက်ရှိသည်။ စနေ၊ တနင်္ဂနွေနေ့ရက်များနှင့် ထိုင်းနိုင်ငံ ရုံးပိတ်ရက်များတွင် အလည်ပတ် ခရီးသွားဧည့်သည်များဖြင့်
စည်ကားလျက်ရှိသည်။ 
 
http://www.thailandqa.com/forum/attachment.php?attachmentid=17072&d=1335822940
သစ်သားတံတားသို့ လာရောက်သော ခရီးသွားဧည့်သည်များစွာကို အမှီပြုပြီး မွန်လူမျိုးများသည်လည်း
အစားအသောက်ပစ္စည်းများ ဈေးရောင်းချခြင်း၊ အမှတ်တရပစ္စည်းရောင်းချခြင်း လုပ်ငန်းများစွာ ပြုလုပ်နိုင် ခဲ့သည်။ ရေပေါ်အိမ်ကို အသုံးပြုပြီး အပန်းဖြေလုပ်ငန်းများ၊ စက်လှေလုပ်ငန်းများ၊ ဟိုတယ်လုပ် ငန်းများလည်း စီးပွားဖြစ်နေလျက်ပါ။

http://www.nationmultimedia.com/new/2013/07/30/national/images/30211448-01_big.jpg

အဆိုပါသစ်သားတံတားသည် ကာလရှည်ကြာစွာ တည်ရှိလာခဲ့ပြီးနောက် ယခုနှစ် ၂၀၁၄ ခုနှစ် ဂျူလိုင်လ (၂၈) ရက်၊ ညပိုင်းတွင် မိုးလေများစွာ တိုက်ခိုက် ရွာသွန်းခြင်းကြောင့် သစ်သားတံတား၏ အလယ်ပိုင်းတွင် ထက်ပိုင်းပြတ် ပျက်စီးခဲ့သည်။ ၄င်းနေ့ည၏ ပျက်စီးခဲ့သော သစ်သားတံတားအစား တခြားချစ်စ ရာကောင်းသော ဝါးဖောင်ဖွဲ့ ဝါးလုံးခင်းတံတားဖြင့် ယာယီသဘော ပြန်လည်အစားထိုး တည်ဆောက် ခဲ့သည်။  ၄င်းဝါးဖောင်ဖွဲ့ဝါးလုံးခင်းတံတားသည် ကျေးရွာရှိ မွန်လူမျိုးတို့၏ လက်မှုပညာ စိတ်ကူးညာဏ် ကွန့်မှုဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

http://static.wixstatic.com/media/1f512d_494eb1210b8bead7b7e772b0a4c3ead5.jpg_srz_481_337_75_22_0.50_1.20_0.00_jpg_srz

 သို့သော်ယခုအခါတွင် ၄င်းသစ်သားတံတားအား ထိုင်းတပ်မတော်မှ လာရောက်ပြင်ဆင်ပေးမှုကြောင့် တံတားပြန်လည် ခိုင်ခန့် ကောင်းမွန်လာပြီးဖြစ်သည်။ ယာယီသဘော တည်ဆောက်ထားသော ဝါးလုံးခင်း တံတားကိုလည်း မဖျက်စီးပစ်စေပဲ ယခုတိုင်ထားရှိခဲ့သည်။ ခရီးသွားဧည့်သည်များ၊ ဓါတ်ပုံသမားများအတွက် ဝါးလုံးခင်းတံတားပေါ် လမ်းလျှောက်ကူးပြီးမှ သစ်သားတံတားကို ဓါတ်ပုံရိုက်နိုင်သလို၊ အသွားပြန် သစ်သားတံတားပေါ်ကနေ လမ်းလျှောက်ဖြတ်ကူးပြီး ဝါးလုံးခင်းတံတား ကနေပြန်လာ လို့ရနေသည့် အတွက် ကဗျာဆန်စွာ လမ်းဖြတ်လျှောက်ကူးမှုကို အစင်ပြေစေသည်။ သစ်သားနှင့် ဝါးတံတား နှစ်စင်း အပြိုင် တည်ရှိနေသည့်အတွက် အနုပညာမြောက်ရသ တစ်မျိုးမျိုးကို ခံစားစေရပါသည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးကို အထောက်ကူပြုစေခြင်းလို့အငှာ "သစ်သားတံတား အသစ်ပြန်လည်ပြင် ဆင်ပြီးမြောက်ခြင်း အခမ်းအနား" ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ နိုင်ငံရှိ သတင်းမီဒီယာများက မီးမောင်းထိုး သတင်းများ တင်ဆက်လွှင့်ထုတ်နိုင်မှုကြောင့် ၄င်းသစ်သားတံတားသည် ပို၍ပင် ကျော်ကြား လာခဲ့သည်။ ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်များသည်လည်း သစ်သားတံတားသို့ လာရောက်လည် ပတ်ပြီး၊ ရေအောက်ရောက် မွန်ရွာဟောင်းဆီသို့ စက်လှေ အသေစားလေးများဖြင့် ရေးလမ်းမှတဆင့် သွားရောက် လည်ပတ် လေ့လာလေ့ရှိသည်။

မဟာချိုင်းဒေသမှ မွန်လူမျိုးလူငယ်များ ကျေးရွာဟောင်းရှိ ဘုန်းတော်ကြီးကျောင်းဟောင်းအား လာရောက်လေ့လာဖူးမျှော်စဉ် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခဲ့သည်။ (Photo: Sawor Mon)
ကျေးရွာဟောင်းရှိ တောင်ပေါ်တခုတွင် တည်ထားခဲ့သည့် သိမ်တော်ဘုရားကျောင်းနှင့် မျှော်စဉ်ပုံစံ စေတီဘု ရားသည် အမြင့်နေရာတွင်တည်ရှိခြင်းကြောင့် ရေပေါ်တွင်ပေါလော မျှော်နေသကဲ့သို့ ရှိနေပြီး၊ ခရီသွားဧည့် သည်များ စက်လှေဖြင့် လာရောက် လေ့လာခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ အမွှေးကြိုင်နံသာ ဖယောင်တိုင်မီး ပူဇော်ခြင်းများ ပြုလုပ်သည့် အလေ့ထတခု ရှိနေပါသေးသည်။ ၄င်းနေရာသည် ဝင်ကရွာဟောင်း၏ ဘုန်းတော်ကြီးကျောင်းနေရာဖြစ်သည်ကို အမှတ်ရစေသည့် အမှတ်သားတစ်ခုအဖြစ် တည်ရှိနေပေသည်။

ဗုဒ္ဓဂါယာပုံတူ စေတီရှေ့တွင် မွန်ရိုးရာ သဘောင်္ဆွမ်းတင်ပွဲ ကျင်းပပြုလုပ်နေစဉ်။
Photo: http://static1.demotix.com/sites/default/files/imagecache/a_scale_large/400-1/photos/1285303643-the-mon-celebrate-the-fullmoon-festival_452031.jpg

ထို့အပြင် ကျေးရွာသစ်တွင်လည်း ဗုဒ္ဓဂါယာပုံတူ စေတီတစ်ဆူ တည်ရှိခြင်းကြောင့် ဘုရားဖူးများ၊ ဧည့် သည်များ အလာမပြတ်ခဲ့ပေ။ ဆရာတော်ဦးဥတ္တမ (၂၀၀၆ ခုနှစ် မတိုင်ခင်) ရှိခဲ့စဉ်က ထိုင်းနိုင်ငံရှိ ထိပ်တန်းသူဌေးများ၊ ထိုင်းဘုရင်မှ အရေးကြီးပုဂ္ဂိုလ်များက ဆရာတော်၏ ဂုဏ်ရှိန်အစွမ်းပကားကို ယုံကြည်ခြင်းကြောင့် အလှူဒါနများစွာ လာရောက်ပေးလှူခြင်း မပြတ်ခဲ့ပေ။ ဆရာတော်ကွယ်လွန်ပြီး နောက်ပိုင်း ယခုတွင်လည်း မွန်လူမျိုးဖွား ထိုင်းအစိုးရဗုဒ္ဓစာပေ အောင်မြင်ခဲ့သည့် ဆရာတော်ဘုရား မဟာဆုချာတ်က ကျောင်းထိုင်လျက်ရှိပြီး ထိုင်းရောက်မွန်လူမျိုးတို့အား သွန်သင်ဆုံးမခြင်းနှင့် လိုအပ်ချက် များစွာကို အကူအညီပေးလျက်ရှိသည်။

ဆရာတော်ဘုရား ဦးဥတ္တမ
 
ဝင်းက မွန်ရွာဟောင်းရှိ စေတီသုံးဆူ တည်ထားခဲ့သော နေရာကို (ကျိုက်ပိ - ဘုရားသုံးဆူ) ဟုလည်း နံမည်ကျော်ကြားခဲ့သည်။ ၄င်းနောက်တွင် ထိုင်းနိုင်ငံတော်အစိုးရနှင့် မြန်မာပြည်အစိုးရတို့၏ နယ်မြေအချုပ် အခြာ နယ်စပ်မြေပုံများ ပြန်လည်တိုင်းတာ ရေးဆွဲရာတွင် (ယခု ဘုရားသုံးဆူနယ်စပ်မြို့) ဟု အမည်တွင် လျက်ရှိသော မြို့ငယ်လေးသည်လည်း ရေအောက်ရောက် ဝင်းကရွာဟောင်းရှိ စေတီဟောင်း သုံးဆူကို ရည်ညွန်းပြီး အမည်မှည့်ပေးထားခြင်းဖြစ်သည်။ 

http://www.tatnews.org/wp-content/uploads/2014/02/IG-A-Destination-O_Sangkhlaburi_018-ThreePagodasPass-640x480.jpg

(၄င်းကိစ္စနှင့်ပတ်သက်၍ ထိုင်း - မြန်မာ နယ်စပ် ပိုင်းခြားသတ်မှတ်ရာတွင် အငြင်းပွားဖွယ်ရာ ကိစ္စတခု ဖြစ်ခဲ့သည်ဟုလည်း တစွမ်းတစ ကြားဖူးထား ပါသည်။) 

Photo : http://www.thailandqa.com/forum/attachment.php?attachmentid=17063
http://www.thailandqa.com/forum/attachment.php?attachmentid=17064


မှတ်ချက်။ သိရှိထားသမျှကိုသာ စာစီရေးသားထားခြင်းဖြစ်သည်။ ဓါတ်ပုံများကိုလည်း မူရင်းဆိုက်အား Credit ပေး URL Link ဖော်ပြပေးထားပါသည်။ 

လေးစားစွာဖြင့်
Sawor Mon 





No comments:

Post a Comment